When becoming members of the site you could use and enjoy the most exciting movies everywhere everydevice and everytime
ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။
ပထမကားထဲက မူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင်ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။ အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်
ကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကိုလေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ…
မင်းသားကြီး လီယံနီဆန် စီးတဲ့ကားထိုင်ခုံအောက်ကို ဗုံးထောင်ရဲတဲ့ကောင် ပေါ်လာပါပြီ။ ဗုံးကတော့ ဖင်ကြွလိုက်ရင် ကွဲမယ့်ဗုံးပါ။ ကားထဲမှာ သူ့သားနဲ့ သမီးလည်း ပါနေပြီး ဖုန်းတစ်လုံးကနေ လူဆိုးခိုင်းတာမှန်သမျှ ဖင်မကြွဘဲ လိုက်လုပ်ရပါတော့တယ်။ ဒီတစ်ခါတော့ ဘတ်မန်းရဲ့ဆရာလည်းမဟုတ်၊ အိုဘီဝမ်ရဲ့ ဆရာလည်းမဟုတ်တာမို့ ဗုံးကိုဖြုတ်မရဘဲ တစ်မြို့လုံး ပတ် ပြဿနာရှာရပါတော့တယ်။ ဇာတ်လမ်းက ကောင်းပါတယ်။ ကောင်းဆို 2015 တုန်းကထွက်ခဲ့တဲ့ နာမည်ကြီးစပိန်ကားကို သုံးကြိမ်မြောက် ပြန်ရိုက်တာပါ။ ရှေ့မှာလည်း ဂျာမနီက Don’t Get Out (2018), ကိုရီးယားက Hard Hit (2021) ဆိုပြီး ရိုက်ထားပါသေးတယ်။ အရင်ကားတွေ ကြည့်ဖူးဖူး မကြည့်ဖူးဖူး ဒီမင်းသားကြီးနဲ့ ဘယ်လိုကြမ်းမလဲ ကြည့်ကြည့်လိုက်ကြပါဦး။
Our movie and video library can only be streamed or downloaded by members only
Please Sign Up for free now